ဆွန် မပါမယ့် စပါးနဲ့ပွဲ၊ တယ်ရီ ထောက်ပြမှု၊ တန်တေ ဒဏ်ရာနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ယူနိုက်တက်နဲ့ ပွဲမှာ စောစီးစွာ လူစားလဲခဲ့ရပြီး ပေါင်တွင်းဘက် ထိခိုက်ဒဏ်ရာ ရသွားတဲ့ ကန်တေရဲ့ အခြေအနေက သိပ်ကြီး မကောင်းမွန်ကြောင်း လမ်းပတ်က ပွဲအပြီးမှာ ပြောကြားခဲ့ပြီး အသေးစိတ် စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အသင်းပြောင်းလိုခဲ့သော်လည်း မအောင်မြင်ခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးက ချယ်ဆီးအသင်း အတွက်ပဲ အာရုံစိုက် ထားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

စပါးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်သမား ဆွန်ယောင်မင်က ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်လို့ ချယ်ဆီးနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း စပါးအသင်းက သတင်းထုတ်ပြန် ထားပါတယ်။

ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း လက်ရှိ အက်စတွန်ဗီလာ လက်ထောက်နည်းပြ ဂျွန်တယ်ရီကတော့ ယူနိုက်တက်နဲ့ ပွဲမှာ မာရှယ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့ ခံစစ် ကစားပုံက ဆိုးဝါးကြောင်း ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ကို ရှုံးတဲ့ ပွဲအပြီးမှာ လမ်းပတ်က ရှုံုးပွဲတွေကို သူ မနှစ်သက်ကြောင်းနဲ့ အထူးသဖြင့် ချယ်ဆီးအသင်း ရှုံးနိမ့်ပုံတွေကို သူ ဘယ်လိုမှ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘတ်ရှူဝါရီရဲ့ ပေါင်ကို ကန်ခဲ့မိတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ တမင်ရည်ရွယ်တဲ့ ဖြစ်ရပ်မဟုတ်ကြောင်းနဲ့ ဘတ်ရှူဝါရီကို တောင်းပန်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္နဲ႕ ပြဲမွာ ေစာစီးစြာ လူစားလဲခဲ့ရျပီး ေပါင္တြင္းဘက္ ထိခိုက္ဒဏ္ရာ ရသြားတဲ့ ကန္ေတရဲ႕ အေျခအေနက သိပ္ၾကီး မေကာင္းမြန္ေၾကာင္း လမ္းပတ္က ပြဲအျပီးမွာ ေျပာၾကားခဲ့ျပီး အေသးစိတ္ စစ္ေဆးရဦးမွာ ျဖစ္ပါတယ္။

ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ပါ၀င္ခြင့္ရဖို႔ အသင္းေျပာင္းလိုခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့တဲ့ တိုက္စစ္မွဴး ဂ်ီရူးက ခ်ယ္ဆီးအသင္း အတြက္ပဲ အာရံုစိုက္ ထားမွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

စပါးအသင္းရဲ႕ အားထားရတဲ့ တိုက္စစ္သမား ဆြန္ေယာင္မင္က ဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူရမွာ ျဖစ္လို႔ ခ်ယ္ဆီးနဲ႕ ပြဲစဥ္မွာ ပါ၀င္နုိင္မွာ မဟုတ္ေၾကာင္း စပါးအသင္းက သတင္းထုတ္ျပန္ ထားပါတယ္။

ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း လက္ရွိ အက္စတြန္ဗီလာ လက္ေထာက္နည္းျပ ဂၽြန္တယ္ရီကေတာ့ ယူနိုက္တက္နဲ႕ ပြဲမွာ မာရွယ္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတဲ့ ခံစစ္ ကစားပံုက ဆိုး၀ါးေၾကာင္း ေထာက္ျပ ေ၀ဖန္ခဲ့ပါတယ္။

ယူနိုက္တက္ကို ရွံဳးတဲ့ ပြဲအျပီးမွာ လမ္းပတ္က ရွံဳဳးပြဲေတြကို သူ မႏွစ္သက္ေၾကာင္းနဲ႕ အထူးသျဖင့္ ခ်ယ္ဆီးအသင္း ရွံဳးနိမ့္ပံုေတြကို သူ ဘယ္လိုမွ လက္မခံနုိင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဘတ္ရွဴ၀ါရီရဲ႕ ေပါင္ကို ကန္ခဲ့မိတဲ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ တမင္ရည္ရြယ္တဲ့ ျဖစ္ရပ္မဟုတ္ေၾကာင္းနဲ႕ ဘတ္ရွဴ၀ါရီကို ေတာင္းပန္ေၾကာင္း ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။