
ကိုင်ဆီဒို ဆက်နေမယ်ဆိုရင်လည်း ပျော်ရွှင်မှာဖြစ်ပေမယ့် ဘရိုက်တန်ဘက်ကတော့ ကွင်းလယ်လူကို ထွက်ခွင့်ပေးပြီး နောက်ထပ် ကွင်းလယ်လူသစ်နဲ့ ကစားဖို့ကို ပြင်ဆင်ထားကြောင်း နည်းပြဒီဇာဘီက ဆိုပါတယ်။
လာဗီယာအတွက် လီဗာပူးအသင်း ကမ်းလှမ်းတဲ့ ပေါင် ၃၇ သန်းတန်း စာချုပ်က ပယ်ချခံရပေမယ့် ချယ်ဆီးအသင်း ကြားဝင်လာနိုင်ခြင်းကြောင့် လီဗာပူးတို့ ဒုတိယမြောက် ကမ်းလှမ်းမှု အမြန် ပေးသွားဖို့ ပြင်ဆင်နေပါတယ်။
ဂါလယ်ဂါကို ဒီနွေမှာ ခေါ်ယူလိုတဲ့ ကလပ်တွေဟာ ချယ်ဆီး တောင်းဆိုတဲ့အတိုင်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထိပေးနိုင်မှပဲ ရရှိပါမယ်။
နည်းပြ ပိုချက်တီနိုက ရိစ်ဂျိမ်းဟာ ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်ကြောင်း ထုတ်ပြောလာပါတယ်။
အမ်ဘာပေနဲ့ သူ့ကြားမှာ ဆက်ဆံရေးကောင်း ရှိပေမယ့် ပြင်သစ်သားကို ချယ်ဆီးထံ ခေါ်ယူမှာ မဟုတ်ဘဲ အနာဂတ် ကိစ္စ အဆင်ပြေသွားဖို့ ဆုတောင်းပေးမယ့် အကြောင်း ပိုချက်တီနိုက ပြောလာပါတယ်။
ချယ်ဆီးပိုင်ရှင်တွေဖြစ်တဲ့ တော့ဘိုးလေနဲ့ အဖွဲ့က ဂါလယ်ဂါအပြင် ချာလိုဘာကိုပါ ရောင်းထုတ်လိုနေခြင်းဖြစ်ကာ ဖိုဖာနာ ဒဏ်ရာရနေပေမယ့် အင်္ဂလန် ခံစစ်သမားကို ရှင်းထုတ်လိုနေတာပါ။
အူဘာမီရန်းရဲ့ ဖခင်ဖြစ်သူကတော့ ချယ်ဆီးမှာ ကစားခဲ့တဲ့ အချိန်တိုင်းက သူ့သားအတွက် အိမ်မက်ဆိုး တစ်ခုလို ဖြစ်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။