
ဝက်စ်ဟမ်းအသင်းဟာ ချယ်ဆီးအသင်း အကယ်ဒမီထွက် ကွင်းလယ်လူ ဂါလယ်ဂါကို ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမှု စတင်လိုက်ပေမယ့် ခပ်မြန်မြန်ပဲ ပယ်ချခံခဲ့ရပါတယ်။
ခံစစ်မှူး ဖိုဖာနာဟာ တစ်ရာသီလုံး အနားယူရဖွယ် ရှိနေတာကြောင့် လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီအောကို မန်စီးတီးထက် လက်ဦးအောင် အမြန်ဆုံး ခေါ်ယူဖို့ ချယ်ဆီး တာဝန်ရှိသူတွေကို တိုက်တွန်းနေကြပါတယ်။
ဒီနွေမှာ ပီအက်စ်ဂျီအသင်းမှ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ ချယ်ဆီး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေ တတ်နိုင်ဖွယ် မရှိဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။ ချယ်ဆီးဟာ FFP စည်းမျဉ်းကြောင့် အသုံးစရိတ် အကန့်အသတ် ရှိနေတာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုကို စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် အေဂျက် ကွင်းလယ်လူ ခူးဒက်စ်အတွက် ချိတ်ဆက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
လူကာကူ အပြောင်းအရွှေ့ ကိစ္စ ကြံ့ကြာလွန်းနေတာကို ချယ်ဆီးဘက်က စိတ်မရှည်နိုင်ဖြစ်နေပြီး သူ့ကို စျေးကောင်းပေးမယ့် ဆော်ဒီကလပ်တွေထံ အမြန်ဆုံး ရောင်းချလိုနေပါတယ်။
ကိုင်ဆီဒို အပြောင်းအရွှေ့ အခုချိန်ထိ မဖြစ်မြောက်တာက ဘရိုက်တန်ဘက်က လီဗီ ကိုးဝဲလ်ကို အလဲအထပ် အဖြစ် ပြန်လည် ခေါ်ယူလိုနေတာကြောင့် ဖြစ်ပါတယ်။
တိုက်စစ်မှူး မူဒရစ်က ချယ်ဆီးပရိသတ်တွေဟာ သူ့ရဲ့ ခြေစွမ်းကို အခုချိန်ထိ ၂၀% ပဲ မြင်ကြရသေးတာဖြစ်ပြီး ပိုလုပ်ပြနိုင်ကြောင်း ရာသီသစ်မှာ သက်သေပြဖို့ ရည်မှန်းနေပါတယ်။