
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ လာမယ့်ရာသီမှာ အင်္ဂလန် အစဉ်အလာ ကလပ်အသင်းတွေရဲ့ အင်အားတောင့်တင်းလာမှုကို မြင်ရမယ်လို့ ယုံကြည်နေပါတယ်။
အင်္ဂလန်ဘောလုံးလောကမှာ ချယ်ဆီးရဲ့ လွှမ်းမိုးမှုတွေ အားနည်းလာတဲ့နောက် မန်စီးတီးအသင်းက ထောင်တက်လာခဲ့ပြီး ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အနိုင်ရခဲ့သလို မနှစ်ကဆိုရင် ဥရောပ ချန်ပီယံပါ ဖြစ်လာခဲ့ပါတယ်။
ရာသီသစ်မှာ မန်စီးတီးကို အပါအဝင် ထိပ်တန်း ကလပ်တွေက ယှဉ်ပြိုင်လာလိမ့်မယ်လို့ ရွန်းနီးက မြင်ပါတယ်။ ဒါပေမယ့် ချယ်ဆီးက စီးတီးရဲ့ အဓိက ပြိုင်ဘက် ပြန်ဖြစ်လာဦးမယ်လို့ သူက မမြင်သေးပါဘူး။
စီးတီးရဲ့ ပြိုင်ဘက် ဖြစ်လာမယ့် အသင်းတွေနဲ့ ပတ်သက်ပြီး ‘ စီးတီးက ပရီးမီးယားလိဂ် အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေဦးမှာပါပဲ။ လီဗာပူးက နောက်ရာသီ ပိုကောင်းလာမှာပါ၊ ချယ်ဆီးလည်း ပိုကောင်းလာပါဦးမယ်။ မန်ယူလည်း ပိုကောင်းလာမှာဖြစ်ပေမယ့် အာဆင်နယ်ပဲ မန်စီးတီးကို အဓိက ယှဉ်ပြိုင်နိုင်ပါလိမ့်မယ် ’ လို့ ရွန်းနီက မှတ်ချက်ပေးခဲ့ပါတယ်။
ချယ်ဆီးဟာ ဒီရာသီမှာ နည်းပြပိုချက်တီနိုကို တာဝန်ပေးထားပြီး လူစာရင်း ပြန်လည် တည်ဆောက်မှုတွေကို ပြုလုပ်နေကာ ချန်ပီယံလိဂ် ဝင်ခွင့်ကို အဓိက ဦးတည် ယှဉ်ပြိုင်လာမှာပဲ ဖြစ်ပါတယ်။