
ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာ ပဲလေစ့်ကွင်းလယ်လူ မိုင်ကယ် အိုလစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။ ကစားသမားရဲ့ စာချုပ်ပါကြေးက ပေါင် ၃၅ သန်းလို့ သိထားရပြီး ဒီကနေ့ သတင်းအချို့မှာတော့ ချယ်ဆီးဘက်က နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီလို့ ဆိုပါတယ်။
တိုက်စစ်မှာ မူဒရစ်နဲ့ ဂျက်ဆန်တို့ အတွဲဟာ ချယ်ဆီးပရိသတ်တွေကို သဘောကျစေပြီး အထူးသဖြင့် မူဒရစ်ဟာ နည်းပြပိုချက်တီနို လက်အောက်မှာ သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်မယ်လို့ မျှော်လင့်ခံနေရပါတယ်။
ဆန်းတိုစ့်ကနေ ပြောင်းလာတဲ့ တောင်ပံသမား အန်ဂျလိုကို အငှားချဖို့ သဘောတူထားပြီ ဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ အသင်းမှာ အံဝင်နိုင်မယ့်သူလို့ ထောက်ခံခြင်း ခံနေရပါတယ်။
ဖူလ်ဟမ်အသင်းကနေ နည်းပြဆေးဗား ထွက်ခွာမှှာ မဟုတ်ခြင်းနဲ့အတူ ၎င်းတို့ဟာ ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကို ခေါ်ယူရေး လာဇီယိုကို ကျော်ပြီး ရေပန်းစားနေပါတယ်။
ချယ်ဆီးအသင်းဟာ မောင့်ပယ်လီယာ တိုက်စစ်မှူး ဝါဟီကို ခေါ်ယူနိုင်ဖို့ အတော်လေး အခြေအနေ ကောင်းနေပါပြီ။ ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၃၀ ကျသင့်မှာဖြစ်ပါတယ်။
ဒီလကုန်လောက်မှာ လီဗာပူးအသင်းက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်ကာ ချယ်ဆီးဘက်က ချန်ပီယံရှစ် ကွင်းလယ်လူကို အပြိုင် ကမ်းလှမ်းဖွယ် မရှိတော့ပါဘူး။
လီဗာပူးက ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို ဒီနွေမှာ လုံးဝ ရောင်းမထုတ်ဘူးလို့ ချယ်ဆီးဘက်က ထုတ်ပြောလာပြီ ဖြစ်ပါတယ်။
အေဂျက် ကွင်းလယ် တိုက်စစ်သမား ခူးဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် အာဆင်နယ်ကို ယှဉ်ပြိုင်ဖို့ ချယ်ဆီးဘက်က အဆင်သင့် ဖြစ်နေပါတယ်။