ချယ်ဆီး အသင်းဟာ တိုက်စစ်မှုး အူဘာမီးယန်းနဲ့ နှစ်ဘက် သဘောတူစာချုပ်ကို ဖျက်သိမ်းပေးလိုက်တာကြောင့် ဂါဘွန်သားဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ချယ်ဆီး နည်းစနစ် ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်ဟာ လန်ဒန်ကလပ်မှာ ၇ လ သာ တာယန် ထမ်းဆောင်ပြီးနောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနိုက အသင်း လူစာရင်းမှာ လူများနေသေးတယ်လို့ ယူဆနေပြီး ထပ်မံ ရှင်းထုတ်မှုတွေ ပြုလုပ်ဖွယ် ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
” အသင်း တစ်သင်း အတွက် ဂိုးသမား အပါအဝင် ၂၃၊ ၂၄ ယောက်.. အများဆုံး ၂၅ ယောက် လောက်ထိပဲ လိုတာပါ။ ကျနေ်ာတို့ ကစားသမား ၃ဝ-၃၅ ယောက်လောက မလိုဘူး။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန် နည်းပြ ဒီဇာဘီကတော့ ချယ်ဆီး အလိုရှိနေတဲ့ ကိုင်စီဒို ကို မရောင်းချင်တဲ့ အပြင် ချယ်ဆီး လူငယ် ကိုးဝဲလ် ကိုလည်း နောက်ရာသီမှာ အငှားထပ်မံ ခေါ်ယူလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
လက်ရှိ ချယ်ဆီးအသင်းနဲ့ အတူ အမေရိက ရာသီကြို ခရီးမှာ အတူ ရှိနေတဲ့ ချူဝူမီကာ က ယူနိုက်တက်ထံ ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဟောင်း မေဆန်မောင့်ကို လွမ်းဆွတ်မိကြောင်း ပရိသတ်တွေနဲ့ စကားပြောစဉ် ဝန်ခံသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ မေဆန်မောင့် ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချလိုက်တာက အမှားကြီး တစ်ခု ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ဂရေမီ ဆောင်းနက်ကလည်း သုံးသပ် ဝေဖန်ခဲ့ပါတယ်။
ချယ်ဆီး တိုက်စစ်သမားတွေဟာ သိပ်ကို ထက်မြက်ကြကြောင်း ခြေစမ်းပွဲ အပြီးမှာ Wrexham အသင်း ဂိုးသမားက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။ ထိုပွဲဟာ ပိုချက်တီနိုရဲ့ ချယ်ဆီးနည်းပြ ဘဝ ပွဲဦးထွက် ပွဲ ဖြစ်ပြီး ၅-ဝ နဲ့ ဂိုးပြတ် နိုင်ခဲ့ပါတယ်။