ဘရိုက်တန်ပိုင်ရှင်နဲ့ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စ မေးမြန်းခဲ့ကြောင်း ဒီဇာဘီ ပြောလာ

ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ အသင်းပိုင်ရှင်နဲ့ တွေ့ဆုံကာ ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အနာဂတ် ကိစ္စ စကားပြောမှု လုပ်ခဲ့ကြောင်း ဝန်ခံပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကန်တေ၊ ကိုဗာဆစ်၊ မေဆန်မောင့်နဲ့ လော့တပ်ချိစ်တို့ကို လက်လွတ်ထားရတာပါ။ အန်ဇို ဖာနန်ဒက်စ်နဲ့ ကာလရှည် လက်တွဲမယ့် အသင်းဖော်အဖြစ် ကိုင်ဆီဒိုကို ချယ်ဆီးဘက်က အတော်လေး သဘောကျနေပါတယ်။

ပထမအကြိမ် ပေါင် သန်း ၆၀၊ ဒုတိယအကြိမ် ပေါင် သန်း ၇၀ ကမ်းလှမ်းမှုတွေကို ဘရိုက်တန်ဘက်က ငြင်းဆန်ခဲ့ကာ အီကွေဒေါ ကွင်းလယ်လူအတွက် ပေါင် သန်း ၁၀၀ အလိုရှိကြောင်း သူတို့ သဘောထားကို ပြသထားတယ်။

ကလပ်ရဲ့ အရေးကြီး ကစားသမားဖြစ်တဲ့ ကိုင်ဆီဒို အနာဂတ်နဲ့ ပတ်သက်လို့ ဒီဇာဘီက အခုလို ပြောလာခဲ့ပါတယ်။

‘ အသင်းပိုင်ရှင်နဲ့ ကျနော် စကားပြောခဲ့ပါတယ်။ သူက အခြေအနေ မပြောင်းလဲသေးဘဲ ကိုင်ဆီဒို ကျနော်တို့နဲ့ ဆက်နေနေဦးမယ်လို့ ပြောပါတယ်။ ကျနော်အတွက်တော့ ဒါက သတင်းကောင်းပါပဲ။ ထိပ်တန်း ကစားသမား နေရာမှာ အစားထိုးဖို့ နောက်ထပ် တစ်ဦး ရှာရတာက ခက်ခဲပါတယ်။

ကိုင်ဆီဒို ထွက်သွားရင် သူ့နေရာမှာ လယ်ဗယ်တူ ကစားသမား တစ်ဦး အားဖြည့်ဖို့ ကျနော်တို့ ပြန်ရှာရတော့မှာပါ။

လောလောဆယ်တော့ မနက်ဖြန် ဒါမှမဟုတ် နောက်အပတ်မှာ ကိုင်ဆီဒို ထွက်မလား သတင်းထူးမျိုး ကျနော်တော့ မကြားရသေးပါဘူး။ နောက်ရာသီအတွက် ပွဲထွက် လူစာရင်း ကိုင်ဆီဒိုကို ကျနော်တော့ ထည့်တွက်ထားဆဲပါ ’ လို့ ဒီဇာဘီက ပြောဆိုခဲ့ပါတယ်။