အန်ဒရီကို ဆက်ထိန်းဖွယ်ရှိခြင်း၊ ဂါလယ်ဂါကို သန်း ၄၀ ရမှ ရောင်းဖို့ရှိခြင်း၊ ကိုင်ဆီဒိုအတွက် တတိယမြောက် ကမ်းလှမ်းမှုနဲ့ ချယ်ဆီး သတင်းတိုများ

ရာသီကြို ပရီးမီးယားလိဂ် ချန်ပီယံနေရာအတွက် ရေပန်းစားမှုမှာ ချယ်ဆီးအသင်းက နံပါတ် ၅ နေရာမှာပဲ ရှိနေပါတယ်။

အန်ဒရီ ဆန်းတိုစ့်က အင်္ဂလန်မှာ ကစားဖို့ အလုပ်ပါမစ် ရရှိသွားပါပြီ။ ကစားသမားရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် လာမယ့်ရာသီ အငှားမချဘဲ အသင်းမှာ ဆက်ထိန်းထားဖို့ ပိုချက်တီနိုက စဉ်းစားနေပါတယ်။

အမေရိကန် ရာသီကြိုဟာ ပူပြင်းမှုနဲ့အတူ ကောင်းမွန်တဲ့ ရာသီဥတု ရှိတာ အသင်းအတွက် ကောင်းတယ်လို့ အန်ခူခူက မြင်ပါတယ်။ ဒီရာသီကြိုမှာ အစွမ်းကုန် ကြိုးစားဖို့ သူက စိတ်ပိုင်းဖြတ်ထားပါတယ်။

ဝက်စ်ဟမ်းဘက်က ဒီကလန်ရိုက် နေရာ အစားထိုးဖို့ ဂါလယ်ဂါကို ခေါ်ယူလိုရင် ပေါင် သန်း ၄၀ တောင်းဆိုဖို့ ချယ်ဆီးဘက်က ပြင်ဆင်ထားပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် တတိယမြောက် အဖြစ် ပေါင် သန်း ၈၀ နဲ့ ထပ်တိုးကြေး ပါဝင်တဲ့ ချိတ်ဆက်မှုကို ချယ်ဆီးဘက်က မကြာခင် ပြုလုပ်ပါတော့မယ်။

ချယ်ဆီး တိုက်စစ်သမား အူဘာမီးယန်းဟာ လီဂူးဝမ်းကလပ် မာဆေးအသင်းထံ ပြောင်းဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။

စီးရီးအေကလပ်တွေနဲ့ ညိနှိုင်းမှု အဆင်မပြေဖြစ်နေတဲ့ လူကာကူကို ဒီနွေမှာ ခေါ်ယူသွားဖို့ ဆော်ဒီ ကလပ်တွေဘက်က ချိတ်ဆက်နေဆဲ ဖြစ်ကာ ဘယ်ဂျီယံ တိုက်စစ်သမားက ချယ်ဆီးအသင်းရဲ့ ရာသီကြိုကို လုံးဝ မလာဖို့ ဆုံးဖြတ်ထားပါတယ်။

ခံစစ်မှူး ဖိုဖာနာ အချိန်တစ်ခုကြာ အနားယူရတော့မှာမို့ ချာဘိုဘတ်နဲ့ လီဗီ ကိုးဝဲလ်ကို လုံးဝ လက်မလွတ်ဖို့ ချယ်ဆီးဘက်က ပြင်ဆင်ထားပါတယ်။ လီဗာပူးအသင်းက ကိုးဝဲလ်ကို အတော်လေး အလိုရှိနေတာ ဖြစ်ပါတယ်။