ဒဏ်ရာ၊ အဖျား ဝေဒနာတွေကြောင့် ချယ်ဆီးရဲ့ ရာသီကြိုခရီးမှာ မပါခဲ့ဝင်နိုင်ခဲ့တဲ့ ကစားသမား ၃ ဦး

ချယ်ဆီးအသင်း ဟာ ၎င်းတို့ရဲ့ အမေရိက ရာသီကြိုခရီးအတွက် အသင်းလူစာရင်းထဲမှာ ရိစ်ဂျိမ်းစ်နဲ့ ဝက်စလေ ဖိုဖာနာတို့ကို ချန်လှပ်ထားခဲ့ကြောင်း အတည်ပြု သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဂျိမ်းစ်က နေမကောင်းဖြစ်ပြီး ဖိုဖာနာက ဒူးဒဏ်ရာနဲ့ ရုန်းကန်နေရတာပါ။ ဂျိမ်းစ်၊ ဖိုဖာနာတို့နဲ့အတူ ဘာဒီယာရှီလ်၊ ဘရော်ဂျာ်တို့ကလဲ ဒဏ်ရာရနေပါသေးတယ်။

ဒါ့အပြင် ချယ်ဆီးဟာ ရာသီကြို ခရီးစဉ်မှာ ဒီနွေ ကလပ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ အူဘာမီယန်း၊ ဟာကင်ဇီယက်ချ်နဲ့ လူကာကူတို့ သုံးယောက်ကိုလဲ ချန်ထားခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ သူတို့အသင်းကို လျှော့ချဖြုတ်ထုတ်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် နွေရာသီကစားသမားသစ် အန်ကွန်ကူ၊ နီကိုလပ် ဂျက်ဆန်တို့အပါအဝင် ကစားသမား ၂၉ ယောက် ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိက ရာသီကြိုခရီးအတွက် ချယ်ဆီးလူစာရင်းထဲမှာ အသင်းကြီးထဲက ကီပါ၊ သီယာဂိုဆေးဗား၊ ချာလိုဘာ၊ ဘင်ချီဝဲ၊ ကူကူရယ်လာ၊ လက်ဗီကိုဝဲလ်၊ အန်ဇိုဖာနန်ဒက်၊ ကိုနာ ဂယ်လာဂါ၊ ချူကွယ်မီကာ၊ အန်ဒရေးဆန်းတို့စ်၊ ကာဆာဒယ်အီ၊ လီဝစ်ဟော၊ မူဒရက်ခ်၊ စတာလင်၊ မာဒူကီ၊ နီကိုလပ် ဂျက်ဆန်၊ အန်ကွန်ကူတို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အမေရိက ရာသီကြို ခရီးမှာ ဝက်ဇ်ဟမ်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ဒေါ့မွန်တို့နဲ့ ခြေစမ်းပွဲတွေကစားဖို့ ရှိနေပါတယ်။