
စာချုပ် နောက်ဆုံးနှစ်ကို ရောက်နေတဲ့ တိုက်စစ်သမား အိုဒွိုင်းအတွက် ဖူလ်ဟမ်အသင်းရဲ့ ကမ်းလှမ်းမှု ချယ်ဆီးဘက်က ပယ်ချလိုက်ရပါတယ်။
အသက် ၁၈ နှစ်အရွယ် ဘရာဇီး တောင်ပံသမား အန်ဂျလို ဂါဘရီရယ်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ချယ်ဆီးဘက်က တရားဝင် ကြေညာပါတယ်။
ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကစားသမား ၁၁ ဦးထိကို လက်လွတ်ထားပြီဖြစ်ကာ နောက်ထပ် စီနီယာ အချို့ကိုလည်း ထွက်ခွင့်ပေးဖို့ ပြင်ဆင်ထားဆဲ ဖြစ်ပါတယ်။
နည်းပြပိုချက်တီနိုက လီဗာပူးနဲ့ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ့် အသင်းများစာရင်းမှာ ချယ်ဆီးက နံပါတ် ၅ နေရာမှာပဲ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ့် ညာအစွန်လူ ပါဗက်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ စာရင်းမှာ မန်စီးတီးအပြင် လီဗာပူးနဲ့ ချယ်ဆီးလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ ကိစ္စ အချိန်ကြာနေတဲ့နောက် ကိုင်ဆီဒိုအတွက် ကြေးတိုး ကမ်းလှမ်းဖို့ ချယ်ဆီးဘက်က ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။