ကိုင်ဆာဒီ၊ ကိုင်ဆီဒို၊ အူဘာမီယန်၊ ဂါလယ်ဂါ၊ လူကာကူတို့နဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

အင်တာမီလန်ဟာ လူကာကူ ခေါ်ယူရေးကနေ နောက်ဆုတ်သွားပြီဖြစ်ကာ ဂျူဗင်တပ် အသင်းက ဝင်ရောက် စကားပြောနေပါပြီ။

ချယ်ဆီးနဲ့ သတင်းထွက်မှု ရှိထားတဲ့ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေဆဲဖြစ်ကာ တရားဝင် ကမ်းလှမ်းမှုတော့ မလုပ်ရသေးပါဘူး။ ကနဦးအဆင့် စကားပြောမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက ကိုင်ဆီဒိုကို ခေါ်ယူနိုင်မယ် ရေပန်းစားနေပြီး အခြေအနေ တိုးတက်နေတာကြောင့် ဘရိုက်တန် ကွင်းလယ်လူကို ခေါ်ယူရေးမှာ လီဗာပူးအသင်း ပါဝင်သွားမှာ မဟုတ်ပါဘူး။

ဖူလ်ဟမ်အသင်းဟာ ချယ်ဆီး တောင်ပံသမား အိုဒွိုင်းကို ခေါ်ယူဖို့ စကားပြောလိုနေပါတယ်။ တိုက်စစ်သမားဟာ ဒီနွေမှာ စတမ်းဖိုဒ့်ဘရစ်ချ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာပါ။

ချယ်ဆီး လူငယ် ကွင်းလယ်လူ ကိုင်ဆာဒီကို ခေါ်ယူဖို့ လက်စတာအသင်းက စိတ်ဝင်စားနေကာ တစ်ရာသီ အငှားဖြင့် ကမ်းလှမ်းဖွယ် ရှိပါတယ်။

ကွင်းလယ်လူ ဂါလယ်ဂါကို စပါးအသင်းက သဘောကျနေပြီး ချယ်ဆီးဘက်က လန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းထံ ထွက်ခွင့် ပေးလိုမလား မသေချာသေးပါဘူး။

အူဘာမီယန်ကို မာဆေးအသင်းက ခေါ်ယူလိုနေကာ ချယ်ဆီးဘက်ကတော့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးရရင် လက်လွတ်မှာပါ။