ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ယနေ့ည ပွဲစဉ်မှာ ချယ်ဆီး အနိုင်ရရင်တောင် ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းကြား ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုက ပြီးသွားမှာ မဟုတ်ကြောင်း နည်းပြ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေက ယူနိုက်တက်ကို အနိုင်ကစားဖို့ဟာ ဒီရာသီ ရှုံးပွဲ ကြုံခဲ့တာများအတွက် လက်စားချေဖို့ မဟုတ်ဘဲ အဆင့် ၄ နေရာ ဆက်ထိန်းထားဖို့ အတွက် အမှတ်ပြည့် နိုင်ပွဲရအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အတ္တလန္တာကလပ်မှာ အငှား ကစားနေတဲ့ ချယ်ဆီးကွင်းလယ်ကစားသမား မာရီယို ပါဆာလစ်က လာမယ့်နွေမှာပဲ ပေါင် ၁၂.၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ခရိုအေးရှားသားဟာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး အငှားထွက် ကစားနေသလို ချယ်ဆီးအသင်း အတွက် ကစားရခြင်း မရှိပါဘူး။

ဇန်နဝါရီတုန်းက ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင်ချိတ်ဆက်ခဲ့တဲ့ လိုင်လီ ကွင်းလယ်ကစားသမား ဘိုဘာကရီ ဆိုးမဲဟာ နည်းပြနဲ့ တင်းမာမှုများ ရှိနေပြီး ပွဲထွက်မှ ချန်လှပ်ခြင်း ခံနေရပါတယ်။

ချယ်ဆီးအသင်း ပရိသတ်တွေကတော့ ယူနိုက်တက်နဲ့ ပွဲမှာ အရန် ဂိုးသမားကြီး ကာဘယ်လာရိုပဲ ပွဲထွက်လာမယ်လို့ ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲမှာ ကီပါ ချန်လှပ်ခံခဲ့ရပြီး ကာဘယ်လာရို ပွဲထွက် ကစားခွင့် ရခဲ့တာပါ။

အဆင့် ၄ အတွင်း ဝင်ပြီး နောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရခြင်းက ချယ်ဆီးနည်းပြ လမ်းပတ်နဲ့ ယူနိုက်တက် နည်းပြ ဆိုးရှားတို့ နှစ်ဦးလုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ် ဖြစ်သွားနိုင်ကြောင်း ကာရေဂါက သတိပေး စကား ဆိုခဲ့ပါတယ်။

Zawgyi – ယေန႔ည ပြဲစဥ္မွာ ခ်ယ္ဆီး အနုိင္ရရင္ေတာင္ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးအသင္းၾကား ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ျပိဳင္ဆိုင္မႈက ျပီးသြားမွာ မဟုတ္ေၾကာင္း နည္းျပ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတက ယူနုိက္တက္ကို အနုိင္ကစားဖို႔ဟာ ဒီရာသီ ရွံဳးပြဲ ၾကံဳခဲ့တာမ်ားအတြက္ လက္စားေခ်ဖို႔ မဟုတ္ဘဲ အဆင့္ ၄ ေနရာ ဆက္ထိန္းထားဖို႔ အတြက္ အမွတ္ျပည့္ နုိင္ပြဲရေအာင္ ၾကိဳးစားမွာ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

အတၱလႏၱာကလပ္မွာ အငွား ကစားေနတဲ့ ခ်ယ္ဆီးကြင္းလယ္ကစားသမား မာရီယို ပါဆာလစ္က လာမယ့္ေႏြမွာပဲ ေပါင္ ၁၂.၅ သန္းနဲ႕ အျပီးသတ္ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီလို႔ သိရပါတယ္။ ခရိုေအးရွားသားဟာ ျပီးခဲ့တဲ့ နွစ္ရာသီလံုး အငွားထြက္ ကစားေနသလို ခ်ယ္ဆီးအသင္း အတြက္ ကစားရျခင္း မရွိပါဘူး။

ဇန္န၀ါရီတုန္းက ခ်ယ္ဆီးနဲ႕ ယူနုိက္တက္တို႔ အျပိဳင္ခ်ိတ္ဆက္ခဲ့တဲ့ လိုင္လီ ကြင္းလယ္ကစားသမား ဘိုဘာကရီ ဆိုးမဲဟာ နည္းျပနဲ႕ တင္းမာမႈမ်ား ရွိေနျပီး ပြဲထြက္မွ ခ်န္လွပ္ျခင္း ခံေနရပါတယ္။

ခ်ယ္ဆီးအသင္း ပရိသတ္ေတြကေတာ့ ယူနိုက္တက္နဲ႕ ပြဲမွာ အရန္ ဂိုးသမားၾကီး ကာဘယ္လာရိုပဲ ပြဲထြက္လာမယ္လို႔ ယူဆေနၾကပါတယ္။ ျပီးခဲ့တဲ့ လက္စတာနဲ႕ ပြဲမွာ ကီပါ ခ်န္လွပ္ခံခဲ့ရျပီး ကာဘယ္လာရို ပြဲထြက္ ကစားခြင့္ ရခဲ့တာပါ။

အဆင့္ ၄ အတြင္း ၀င္ျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ပါ၀င္ကစားခြင့္ ရျခင္းက ခ်ယ္ဆီးနည္းျပ လမ္းပတ္နဲ႕ ယူနုိက္တက္ နည္းျပ ဆိုးရွားတို႔ နွစ္ဦးလံုးရဲ႕ အနာဂတ္ကို အဆံုးအျဖတ္ ျဖစ္သြားနုိင္ေၾကာင္း ကာေရဂါက သတိေပး စကား ဆိုခဲ့ပါတယ္။