ချယ်ဆီးကို မထည့်တွက်ပဲ သူ့ရဲ့ ပြိုင်ဘက် ၅ သင်းကို ထုတ်ပြောတဲ့ မော်ရင်ညို

စပါးမန်နေဂျာ မော်ရင်ညိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လေးနေရာအတွက် ပြိုင်ဆိုင်မှု ဖြစ်လာမှာထက် ၅ နေရာအတွက် ပြိုင်ဆိုင်မှု ဖြစ်လာတော့မယ့်အကြောင်းကို ညကပွဲအပြီး ထုတ်ဖော် ပြောလာပါတယ်။

တော်တင်ဟမ်က အက်စတွန်ဗီလာကို နောက်ကျ သွင်းဂိုးဖြင့် အနိုင်ယူတဲ့ပွဲအပြီး မော်ရင်ညိုက ” တကယ်ကို ကြီးမားတဲ့ တိုက်ခိုက်ရမှုပါ။ ကျနေ်ာတို့ အရမ်းခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရတယ် ” လို့ ဆိုပါတယ်။

ချယ်ဆီးမန်နေဂျာဟောင်းက ထိပ်ဆုံး ၅ သင်းစာရင်းထဲ ချယ်ဆီးကို မထည့်ခဲ့ပဲ လမ်းပတ် ဦးဆောင်တဲ့ အသင်းဟောင်းက ချန်ပီယံလိဂ်ဝင်ခွင့် ၄ သင်းစာရင်းထဲ သေချာပေါက် ဝင်နိုင်မယ်လို့ မှတ်ယူထားတာပါ။ လာမယ့်ရာသီမှာ မန်စီးတီး ဥရောပဝင်ခွင့် လွဲချော်မှာဖြစ်လို့ အဆင့် ၅ နေရာက ဥရောပဝင်ခွင့် တစ်နေရာ ရမှာဖြစ်ပြီး စပါး အပါဝင် အသင်း ၅ သင်းက တိုက်ခိုက်ကြလိမ့်မယ်လို့ သူက ယုံကြည်နေတာဖြစ်ပါတယ်။

မော်ရင်ညိုက ” မနေ့တုန်းက လီဗာပူးကို မြင်ကြပါလိမ့်မယ်။ ပထမဆုံးကနေ နောက်ဆုံးထိ ရင်ဆိုင်ကစားသွားခဲ့တယ်။ အက်စတွန်ဗီလာဟာ လိဂ်မှာ ဆက်နေရဖို့ ဘယ်လို တိုက်ခိုက်ခဲ့တယ်ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်။ ကျနေ်ာတို့က ထိပ်ဆုံး အဆင့်တွေအတွက် တိုက်ခိုက်နေတယ်။ အရမ်းကို ခက်ခဲလွန်းပါတယ် ဒါက ပရီးမီးယားလိဂ်ပါပဲ။

ဒီတော့ ကျနော်တို့က အဆင့် ၅ နေရာကနေ အပြိုင်အဆိုင်ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အဲ့အသင်းတွေက ဝုဗ်၊ ရှက်ဖီး၊ ယူနိုက်တက်၊ အာဆင်နယ်နဲ့ အဲဗာတန်တို့ပါပဲ။ အသင်းတိုင်းက အမှတ်ပေးဇယားကို ကြည့်နေပြီး အပတ်တိုင်းမှာ ငါတို့လုပ်နိုင်တယ်၊ သူတို့လည်း လုပ်နိုင်တယ်ဆိုပြီး ဖြစ်နေကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေလးေနရာအတြက္ ျပိဳင္ဆုိင္မႈ ျဖစ္လာမွာထက္ ၅ ေနရာအတြက္ ျပိဳင္ဆုိင္မႈ ျဖစ္လာေတာ့မယ့္အေၾကာင္းကို ညကပြဲအျပီး ထုတ္ေဖာ္ ေျပာလာပါတယ္။

ေတာ္တင္ဟမ္က အက္စတြန္ဗီလာကို ေနာက္က် သြင္းဂိုးျဖင့္ အႏုိင္ယူတဲ့ပြဲအျပီး ေမာ္ရင္ညိဳက ” တကယ္ကို ၾကီးမားတဲ့ တိုက္ခိုက္ရမႈပါ။ က်ေန္ာတို႔ အရမ္းခက္ခဲစြာ ယွဥ္ျပိဳင္ခဲ့ရတယ္ ” လို႔ ဆိုပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာေဟာင္းက ထိပ္ဆံုး ၅ သင္းစာရင္းထဲ ခ်ယ္ဆီးကို မထည့္ခဲ့ပဲ လမ္းပတ္ ဦးေဆာင္တဲ့ အသင္းေဟာင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ၄ သင္းစာရင္းထဲ ေသခ်ာေပါက္ ဝင္ႏုိင္မယ္လို႔ မွတ္ယူထားတာပါ။ လာမယ့္ရာသီမွာ မန္စီးတီး ဥေရာပဝင္ခြင့္ လြဲေခ်ာ္မွာျဖစ္လို႔ အဆင့္ ၅ ေနရာက ဥေရာပဝင္ခြင့္ တစ္ေနရာ ရမွာျဖစ္ျပီး စပါး အပါဝင္ အသင္း ၅ သင္းက တိုက္ခုိက္ၾကလိမ့္မယ္လို႔ သူက ယံုၾကည္ေနတာျဖစ္ပါတယ္။

ေမာ္ရင္ညိဳက ” မေန႔တုန္းက လီဗာပူးကို ျမင္ၾကပါလိမ့္မယ္။ ပထမဆံုးကေန ေနာက္ဆံုးထိ ရင္ဆုိင္ကစားသြားခဲ့တယ္။ အက္စတြန္ဗီလာဟာ လိဂ္မွာ ဆက္ေနရဖို႔ ဘယ္လို တိုက္ခိုက္ခဲ့တယ္ဆိုတာကို ခင္ဗ်ားတို႔ ျမင္ေတြ႔ရပါလိမ့္မယ္။ က်ေန္ာတို႔က ထိပ္ဆံုး အဆင့္ေတြအတြက္ တိုက္ခိုက္ေနတယ္။ အရမ္းကို ခက္ခဲလြန္းပါတယ္ ဒါက ပရီးမီးယားလိဂ္ပါပဲ။

ဒီေတာ့ က်ေနာ္တို႔က အဆင့္ ၅ ေနရာကေန အျပိဳင္အဆုိင္ျဖစ္ေနတယ္လုိ႔ ေျပာလို႔ရတယ္။ အဲ့အသင္းေတြက ဝုဗ္၊ ရွက္ဖီး၊ ယူႏုိက္တက္၊ အာဆင္နယ္နဲ႔ အဲဗာတန္တို႔ပါပဲ။ အသင္းတိုင္းက အမွတ္ေပးဇယားကို ၾကည့္ေနျပီး အပတ္တိုင္းမွာ ငါတို႔လုပ္ႏုိင္တယ္၊ သူတို႔လည္း လုပ္ႏုိင္တယ္ဆိုျပီး ျဖစ္ေနၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။