ကန်တေ၊ လူကာကူ၊ မောင့်တို့ အနာဂတ်၊ ဈေးကြီး ကွင်းလယ် ၂ ဦး ခေါ်ဦးမယ့် ပလန်နဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

မေဆန်မောင့် ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဒီနွေမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု မရရင် မရောင်းချဘဲ စာချုပ်ကုန်သည်ထိ ထားဖို့ ရှိနေပါတယ်။

အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ဖို့ ကြိုးစားနေတဲ့ ချယ်ဆီးအသင်းဟာ ဘရိုက်တန်မှ ကိုင်စီဒို၊ စပို့တင်း လစ္စဘွန်းမှ မန်နူရယ် အူဂါတီ တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါကြောင့် ဒီနွေမှာ ငွေကြေး များစွာ သုံးဖို့ ထပ်မံ ရည်ရွယ်နေပုံပါ။

ချယ်ဆီး က စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား ကန်တေ ကို ဆော်ဒီ အာရေဗျ ဘက်က ချဉ်းကပ်နေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

အင်တာမီလန်မှာ အငှား ကစားနေတဲ့ တိုက်စစ်မှုး လူကာကူရဲ့ အနာဂတ်ကို ချန်ပီယံလိဂ် ဖိုင်နယ် ပြီးမှ ချယ်ဆီးက ဆွေးနွေးမှာ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်မှုး အူဘာမီးယန်းကို တူရကီ ကလပ် ဂါလာတာစာရေး က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒီကလန်ရိုက်စ် ဟာ ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ဖို့ လမ်းဖွင့်လာပြီ ဖြစ်ပါတယ်။ အာဆင်နယ် ကို ကျော်ဖြတ်ပြီး ရိုက်စ်ကို အရ ခေါ်နိုင်ဖို့ ဘိုင်ယန် နည်းပြ တူချယ် ကိုယ်တိုင် ပါဝင် ကြိုးစားနေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ကိုင်ဟာဗက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း လောက် ပေးချင်ပေမယ့် ချယ်ဆီးကတော့ ယူရို သန်း ၁ဝဝ ဈေးခေါ်နေပါတယ်။

အငှား လာ ကစားနေတဲ့ ကွင်းလယ် ကစားသမား ဇာကရီယာ ဟာ ချယ်ဆီးကနေ ထွက်ခွာပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားပါတယ်။