လက်စားချေဖို့ မဟုတ်ဘဲ ယူနိုက်တက်ကို ချယ်ဆီး အနိုင်ကစားရမယ့် အကြောင်းအရင်း

လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေတဲ့ ချယ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အလိုရှိနေတဲ့ ယူနိုက်တက်ကို ဒီနေ့ည စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီရာသီ အစက ပွဲမှာ ယူနိုက်တက်ကို ချယ်ဆီးတို့ ဂိုးပြတ် ရှုံးခဲ့ဖူးပြီး ထိုရှုံးပွဲကို လက်စားချေဖို့ ဒီညပွဲ အနိုင်ကစားမှာ မဟုတ်ကြောင်း ချယ်ဆီးကွင်းလယ် ကန်တေက ပြောကြားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ချယ်ဆီးက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဲဒီနောက် အောက်တိုဘာလထဲ ကာရာဘောင်း ပွဲစဉ်မှာလည်း စတန်းဖို့ ဘရစ်ချ်မှာတင် ၂-၁ နဲ့ ထပ်မံ အရေးနိမ့်ခဲ့ ပြန်ပါတယ်။

ဒါပေမယ့် ဒီည ပွဲစဉ်မတိုင်ခင်မှာ ချယ်ဆီးက အဆင့် ၄ နေရာမှာ ရှိနေပြီး ယူနိုက်တက်ကို ၆ မှတ် ဖြတ်ထားတာ ဖြစ်ပါတယ်။ ကန်တေက ဒီပွဲ မှာ ယူနိုက်တက်ကို မနိုင်ရင် အမှတ်ကွာဟချက် နည်းသွားပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမယ်လို့ သဘောပေါက်ထားတာပါ။

” မန်ယူနိုက်တက်က ကျနေ်ာတို့နဲ့ (အမှတ်ပေးဇယား)မှာ တော်တော် ကွာခဲ့သေးပေမယ့် အခု နည်းနည်း ပြန်နီးလာပြီ။ ဒီပွဲက နှစ်သင်းလုံး အတွက် အမှတ်ကွာဟချက် တိုးဖို့ လျှော့ချဖို့ အခွင့်အရေးကောင်း ဖြစ်နေတယ်။ နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ ပွဲပါ။

ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရလည်း ခက်ခဲတဲ့ ပွဲ ဖြစ်မယ်ဆိုတာ ကျနော်တို့ သိထားတယ်။ အထူးသဖြင့် ပထမအကျော့မှာ ဘာဖြစ်ခဲ့လဲဆိုတာ တွေးမိရင်ပေါ့ ဒါပေမယ့် ကျနေ်ာတို့ ဒါတွေကို ပြန်ကြည့်နေမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ အရှေ့ကိုပဲ ကြည့်မယ်။ အမှတ်ကွာဟချက်ကို ဆက်ထိန်းထားချင်တယ် ဒီတော့ နိုင်ပွဲ ရဖို့ လိုတယ်။ လက်စားချေဖို့ နိုင်ချင်တာ မဟုတ်ဘူး။ ” လို့ ကန်တေက ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာတော့ တစ်ပွဲသာ နိုင်ပွဲ ရထားပြီး နောက်ဆုံး သုံးပွဲကနေ နှစ်မှတ်သာ ရထားတာပါ။ ယူနိုက်တက်ကလည်း ချယ်ဆီးလိုပဲ ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီး သူတို့ နောက်ဆုံး လိဂ်ပွဲ ၃ ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှိနေပါတယ်။

Zawgyi – လက္ရွိ အမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရွိေနတဲ့ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ အလိုရွိေနတဲ့ ယူနိုက္တက္ကို ဒီေန႔ည စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီရာသီ အစက ပြဲမွာ ယူနုိက္တက္ကို ခ်ယ္ဆီးတို႔ ဂိုးျပတ္ ရွံဳးခဲ့ဖူးျပီး ထိုရွံဳးပြဲကို လက္စားေခ်ဖို႔ ဒီညပြဲ အနုိင္ကစားမွာ မဟုတ္ေၾကာင္း ခ်ယ္ဆီးကြင္းလယ္ ကန္ေတက ေျပာၾကားခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ ခ်ယ္ဆီးက အိုးထရက္ဖို႔ဒ္မွာ ယူနိုက္တက္ကို ၄-၀ နဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။ အဲဒီေနာက္ ေအာက္တိုဘာလထဲ ကာရာေဘာင္း ပြဲစဥ္မွာလည္း စတန္းဖို႔ ဘရစ္ခ်္မွာတင္ ၂-၁ နဲ႕ ထပ္မံ အေရးနိမ့္ခဲ့ ျပန္ပါတယ္။

ဒါေပမယ့္ ဒီည ပြဲစဥ္မတိုင္ခင္မွာ ခ်ယ္ဆီးက အဆင့္ ၄ ေနရာမွာ ရွိေနျပီး ယူနိုက္တက္ကို ၆ မွတ္ ျဖတ္ထားတာ ျဖစ္ပါတယ္။ ကန္ေတက ဒီပြဲ မွာ ယူနုိက္တက္ကို မနုိင္ရင္ အမွတ္ကြာဟခ်က္ နည္းသြားျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ ခက္ခဲတဲ့ စိန္ေခၚမႈေတြ ရင္ဆိုင္ရမယ္လို႔ သေဘာေပါက္ထားတာပါ။

” မန္ယူနိုက္တက္က က်ေန္ာတို႔နဲ႕ (အမွတ္ေပးဇယား)မွာ ေတာ္ေတာ္ ကြာခဲ့ေသးေပမယ့္ အခု နည္းနည္း ျပန္နီးလာျပီ။ ဒီပြဲက နွစ္သင္းလံုး အတြက္ အမွတ္ကြာဟခ်က္ တိုးဖို႔ ေလွ်ာ့ခ်ဖို႔ အခြင့္အေရးေကာင္း ျဖစ္ေနတယ္။ နွစ္သင္းလံုးအတြက္ အေရးၾကီးတဲ့ ပြဲပါ။

ယူနုိက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရလည္း ခက္ခဲတဲ့ ပြဲ ျဖစ္မယ္ဆိုတာ က်ေနာ္တို႔ သိထားတယ္။ အထူးသျဖင့္ ပထမအေက်ာ့မွာ ဘာျဖစ္ခဲ့လဲဆိုတာ ေတြးမိရင္ေပါ့ ဒါေပမယ့္ က်ေန္ာတို႔ ဒါေတြကို ျပန္ၾကည့္ေနမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ အေရွ႕ကိုပဲ ၾကည့္မယ္။ အမွတ္ကြာဟခ်က္ကို ဆက္ထိန္းထားခ်င္တယ္ ဒီေတာ့ နုိင္ပြဲ ရဖို႔ လိုတယ္။ လက္စားေခ်ဖို႔ နုိင္ခ်င္တာ မဟုတ္ဘူး။ ” လို႔ ကန္ေတက ဆိုပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေနာက္ဆံုးကစားထားတဲ့ ပရီးမီးယားလိဂ္ ၅ ပြဲမွာေတာ့ တစ္ပြဲသာ နုိင္ပြဲ ရထားျပီး ေနာက္ဆံုး သံုးပြဲကေန နွစ္မွတ္သာ ရထားတာပါ။ ယူနုိက္တက္ကလည္း ခ်ယ္ဆီးလိုပဲ ပံုစံေကာင္းေတြ ေပ်ာက္ဆံုးေနျပီး သူတို႔ ေနာက္ဆံုး လိဂ္ပြဲ ၃ ပြဲမွာ တစ္ဂိုးမွ မသြင္းနုိင္ဘဲ ရွိေနပါတယ္။