ချယ်ဆီး ယူနိုက်တက် ပွဲအတွက် ခန့်မှန်းသုံးသပ်လိုက်တဲ့ ဂန်းနားဟောင်းကြီး ရိုက်

အာဆင်နယ် ကစားသမားဟောင်းကြီး အီရန် ရိုက်ကတော့ ဒီနေ့ည ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် ချယ်ဆီးအသင်းက အားသက်ချက် အနည်းငယ် ရထားတယ်လို့ ယုံကြည်ကြောင်း သုံးသပ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်သင်းလုံးကတော့ ဆောင်းရာသီ အားလပ်ရက် နှစ်ပတ်လုံးကနေ အားပြည့် အင်ပြည့် ပြန်လာကြမှာ ဖြစ်ပြီး လက်ရှိ အဆင့် ၄ နေရာ က ချယ်ဆီးကတော့ ယူနိုက်တက်ကို ၆ မှတ်ထိ ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ လက်ရှိ အချိန်မှာ အဆင့် ၉ ထိ ကျဆင်းနေတာ ဖြစ်ပြီး အမှတ်ကွာဟချက် လျှော့ချနိုင်ဖို့ အနိုင်ကစားလိုနေပါတယ်။

ရိုက်ကတော့ ဒီပွဲမှာ ချယ်ဆီးက ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားပြီး အကြောင်းအရင်းကိုလည်း ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

” အကြောင်းတချို့ကြောင့် ကျနော်ကတော့ ချယ်ဆီး အသာရမယ်လို့ ထင်နေတယ်။ ဒါကလည်း ယူနိုက်တက် တိုက်စစ်သမားတွေကို ကျနော် သိပ် ကောင်းကောင်း မသိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစ်ဟာလိုရော ဝင်ကစားခွင့် ရပြီး ဂိုးသွင်းနိုင်မလား အတွေးပွားစရာပါ။ ဒါပေမယ့် ချယ်ဆီးကတော့ အမှားမခံဘဲ နိုင်ပွဲ ယူသွားဖွယ် ရှိပါတယ်။ ” လို့ ရိုက်က ဆိုပါတယ်။

” ချယ်ဆီးက အိမ်ကွင်းမှာ အသားစီ ရနိုင်တယ်လို့ တွေးစရာ ရှိသလို တချိန်တည်းမှာလည်း ယူနိုက်တက်က နည်းနည်း ပိုကောင်းအောင် ကစားနိုင်တယ် ဆိုတာ မေ့ထားလို့ မရဘူး အထူးသဖြင့် ရက်ဖိုပဒ် ပါဝင်ကစားနိုင်ရင်ပေါ့။ ဒါပေမယ့် ဒီပွဲ သူ မပါနိုင်ပါဘူး။ ဒီတော့ မန်ယူနိုက်တက်က ဒန်နီရယ် ဂျိမ်းစ် ပွဲထုတ်လာဖို့ ရှိပါတယ်။ မာရှယ်ကသာ သူ့ကိုယ်သူ ပို ရုန်းပြီး အားထုတ်နိုင်ရင် ပိုကောင်းတဲ့ ကစားဟန် မြင်ရနိုင်ပါတယ်။

ဒါပေမယ့် သူတို့ကို ချယ်ဆီးက အသာစီးယူနိုင်မယ်လို့ ကျနော်ကတော့ ထင်ထားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ရွယ်တဲ့ ကစားသမား တွေချင်း တူရင်တောင် ယူနိုက်တက်ဘက်က ဖိအားတွေအောက်မှာ ပြိုလဲသွားနိုင်တယ်။ ပြီးတော့ ချယ်ဆီး အနေနဲ့ အနေအထားကောင်း အတိုင်း ဆက်သွားဖို့ လိုနေတယ်။ ” လို့ ရိုက်က ဆိုပါတယ်။

ဒီညပွဲစဉ်ဟာ ချယ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းလုံးအတွက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အရေးပါတဲ့ ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ ကစားသမားေဟာင္းၾကီး အီရန္ ရိုက္ကေတာ့ ဒီေန႔ည ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနုိက္တက္ ပြဲစဥ္မွာ အိမ္ရွင္ ခ်ယ္ဆီးအသင္းက အားသက္ခ်က္ အနည္းငယ္ ရထားတယ္လို႔ ယံုၾကည္ေၾကာင္း သံုးသပ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

နွစ္သင္းလံုးကေတာ့ ေဆာင္းရာသီ အားလပ္ရက္ နွစ္ပတ္လံုးကေန အားျပည့္ အင္ျပည့္ ျပန္လာၾကမွာ ျဖစ္ျပီး လက္ရွိ အဆင့္ ၄ ေနရာ က ခ်ယ္ဆီးကေတာ့ ယူနိုက္တက္ကို ၆ မွတ္ထိ ျဖတ္ထားနုိင္တာ ျဖစ္ပါတယ္။ ယူနိုက္တက္ကေတာ့ လက္ရွိ အခ်ိန္မွာ အဆင့္ ၉ ထိ က်ဆင္းေနတာ ျဖစ္ျပီး အမွတ္ကြာဟခ်က္ ေလွ်ာ့ခ်နုိင္ဖို႔ အနိုင္ကစားလိုေနပါတယ္။

ရိုက္ကေတာ့ ဒီပြဲမွာ ခ်ယ္ဆီးက ယူနုိက္တက္ကို ၂ ဂိုး ၁ ဂိုးနဲ႕ အနုိင္ရမယ္လုိ႔ ခန္႔မွန္းထားျပီး အေၾကာင္းအရင္းကိုလည္း ရွင္းလင္း ေျပာၾကား ခဲ့ပါတယ္။

” အေၾကာင္းတခ်ိဳ႕ေၾကာင့္ က်ေနာ္ကေတာ့ ခ်ယ္ဆီး အသာရမယ္လို႕ ထင္ေနတယ္။ ဒါကလည္း ယူနိုက္တက္ တိုက္စစ္သမားေတြကို က်ေနာ္ သိပ္ ေကာင္းေကာငး္ မသိတာေၾကာင့္လည္း ျဖစ္နုိင္ပါတယ္။ အစ္ဟာလိုေရာ ၀င္ကစားခြင့္ ရျပီး ဂိုးသြင္းနုိင္မလား အေတြးပြားစရာပါ။ ဒါေပမယ့္ ခ်ယ္ဆီးကေတာ့ အမွားမခံဘဲ နိုင္ပြဲ ယူသြားဖြယ္ ရွိပါတယ္။ ” လို႔ ရိုက္က ဆိုပါတယ္။

” ခ်ယ္ဆီးက အိမ္ကြင္းမွာ အသားစီ ရနုိင္တယ္လို႔ ေတြးစရာ ရွိသလို တခ်ိန္တည္းမွာလည္း ယူနုိက္တက္က နည္းနည္း ပိုေကာင္းေအာင္ ကစားနိုင္တယ္ ဆိုတာ ေမ့ထားလို႔ မရဘူး အထူးသျဖင့္ ရက္ဖိုပဒ္ ပါ၀င္ကစားနုိင္ရင္ေပါ့။ ဒါေပမယ့္ ဒီပြဲ သူ မပါနိုင္ပါဘူး။ ဒီေတာ့ မန္ယူနိုက္တက္က ဒန္နီရယ္ ဂ်ိမ္းစ္ ပြဲထုတ္လာဖို႔ ရွိပါတယ္။ မာရွယ္ကသာ သူ႔ကိုယ္သူ ပို ရုန္းျပီး အားထုတ္နုိင္ရင္ ပိုေကာင္းတဲ့ ကစားဟန္ ျမင္ရနုိင္ပါတယ္။

ဒါေပမယ့္ သူတို႔ကို ခ်ယ္ဆီးက အသာစီးယူနုိင္မယ္လို႔ က်ေနာ္ကေတာ့ ထင္ထားတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ငယ္ရြယ္တဲ့ ကစားသမား ေတြခ်င္း တူရင္ေတာင္ ယူနုိက္တက္ဘက္က ဖိအားေတြေအာက္မွာ ျပိဳလဲသြားနုိင္တယ္။ ျပီးေတာ့ ခ်ယ္ဆီး အေနနဲ႕ အေနအထားေကာငး္ အတိုင္း ဆက္သြားဖို႔ လိုေနတယ္။ ” လို႔ ရိုက္က ဆိုပါတယ္။

ဒီညပြဲစဥ္ဟာ ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ နွစ္သင္းလံုးအတြက္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရဖို႔ အေရးပါတဲ့ ပြဲစဥ္ တစ္ပြဲလည္း ျဖစ္ပါတယ္။