မန်စီးတီး vs ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲအတွက် ပေါမာဆန်ရဲ့ ရလဒ်ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ စီးတီးနဲ့ ချယ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့နေပြီး စီးတီးရဲ့ အီတီဟက်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီပွဲနိုင်ရင် အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်မှာပါ။

ဒီ အရေးကြီး ပွဲစဉ်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီး နဲ့ ချယ်ဆီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” မန်ချက်စတာစီးတီးက ဒီပွဲပြီးရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါပြီ။ ပရီးမီးယားလိဂ်ကို မြန်မြန် ဖြတ်နိုင်ရင် သူတို့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်နိုင်ပါလိမ့်မယ်။ သူတို့က လုံးဝ ခြိမ်းခြောက်နိုင်စွမ်း အပြည့်နဲ့ အသင်း ဖြစ်နေတယ်။ ဘယ်သူက သူတို့ကို ရပ်တန့်နိုင်မလဲ မသိတော့အောင်ပဲ။

အာဆင်နယ်က သူတို့ ရှိသလောက် အစွမ်းနဲ့ ချန်ပီယံလမ်းကြောင်းမှာ အတော် တောင့်ခံခဲ့သေးတာပါ။ တတိယ နေရာက နယူးကာဆယ် အသင်းက စီးတီးနောက် ၁၆ မှတ် အကွာမှာ ရှိနေတယ်။ တကယ်ကို မယုံနိုင်စရာ။

သူတို့ ဒီရာသီ ဖလား ၃ လုံး မယူနိုင်ရင်သာ ကျနော် တသသ ပြောနေမိမှာပဲ။ ဒီတပတ် ချယ်ဆီးနဲ့ ပွဲကတော့ သွားစရာ တစ်လမ်းပဲ ကျနော် မြင်ပါတယ်။” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၃-၀ ချယ်ဆီး ဖြစ်ပါတယ်။