
လက်ရှိ လီဗာပူးလူငယ်တွေထဲမှာ စီနီယာအဆင့်ထံ ဖောက်ထွက်ပြီး တောက်ပလာဖို့ အနာဂတ် အကောင်းဆုံးရှိသူဆိုရင် သေချာပေါက် ဗန်ဒုတ်ကို ညွန်ပြရမှာဖြစ်ပါတယ်။
၂၀၁၃ တည်းက စတင်လာတဲ့ ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ ဒီရာသီ လီဗာပူးအသင်းက နောက်ဆုံး အဆင့်တွေထံ မရောက်ခဲ့တာက ဗန်ဒုတ် ဒဏ်ရာရသွားတာကြောင့် ပါဝင်ပါတယ်။ ပွဲချိန်တွင်း ဗန်ဒုတ် ကွင်းထဲက ထွက်ခဲ့ရပြီး ဦးခေါင်းထိခိုက်မှုဖြစ်တာမို့ ပြန်ဝင်ကစားခွင့် မရတာဟာ လီဗာပူးကို ပြိုင်ပွဲကနေ ထွက်စေတဲ့ထိ သက်ရောက်မှု ရှိခဲ့ပါတယ်။
ထရန့်၊ ဂျွာအိုဖီးလစ်၊ မောင့်နဲ့ ဒီလစ်တို့ဟာ ဒီပြိုင်ပွဲမှာ သက်ဆိုင်ရာ ကလပ်တွေကို ကိုယ်စားပြု တောက်ပလာခဲ့ဖူးပြီး ဒီရာသီအတွက် GOAL ကရွေးတဲ့ အကောင်းဆုံး လူငယ်စာရင်းမှာ ဗန်ဒုတ် ပါဝင်လာခဲ့ပါတယ်။
Ben Doak (Liverpool)
ဝိန်းရွန်းနီရဲ့ ပေါက်ကွဲမှုနဲ့ ပြေးနှုန်းလို ဆင်တူတဲ့ ကစားဟန်ရှိတယ်။ ဒုတ်ဟာ မနှစ်ကနွေမှာ ဆဲလ်တစ်ကနေ ပေါင် ၆ သိန်းနဲ့ လီဗာပူးကို ပြောင်းလာပြီး ပထမဆုံး ဘောလုံးရာသီမှာ အတော်လေး ထူးချွန်နေပါတယ်။
သူ့ရဲ့ ဒီရာသီ အထူးချီးကျူးခံရမှုကတော့ ယူအီးအက်ဖ်အေ လူငယ်ပြိုင်ပွဲမှာ ရိန်းဂျားအသင်းဘက်ကို တစ်ဦးတည်း ၄ ဂိုးသွင်းတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမားက ဒီပြိုင်ပွဲမှာ ၈ ပွဲ ကစားပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ခဲ့ပါတယ်။
တောင်ပံသမားဟာ ကလော့ပ်ရဲ့ စီနီယာအသင်းအတွက် ၅ ကြိမ် ပါဝင်ခွင့်ရခဲ့တယ်။ နောက်ရာသီမှာ သူ့ထံကနေ ပိုကောင်းတဲ့ သက်ရောက်မှုတွေ မြင်တွေ့ရမယ်လို့ ယုံကြည်ရပါတယ်။